ဒေါက်တာဂွစာ (၉)
26-Feb-2017
ဒေါက်တာဂွ ဟာ သူကုသနေတဲ့ လူနာတစ်ဦးရဲ့ ဆေးစစ်ချက်တွေကို ကြည့်ပြီးနောက် အခုလိုပြောတယ်..
"ခင်ဗျားရဲ့ ဆေးစစ်ချက်တွေအရအလွန်ဝမ်းနည်းစရာ ကောင်းတဲ့သတင်းကို ကျွန်တော် ပြောရလိမ့်မယ်..."
"ဘယ်လောက်များ ဆိုးဝါးတဲ့ သတင်းမျိုးပါလိမ့် ဆရာရယ်?"
"အင်း.. ခင်ဗျားဟာ မကြာခင်မှာ သေရတော့မယ်.. ခင်ဗျားအတွက် အချိန်သိပ်မကျန်တော့ဘူး..."
"ဗျာ!!!....
အင်းလေ.. ဖြစ်လာမှတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ... လက်ကျန် အချိန်လေးမှာ ပျော်ပျော်ရွှင်ရွှင် နေသွားရတော့မှာပေါ့ ဆရာရယ်.. ကျွန်တော့အတွက် နေရမယ့် အချိန် ဘယ်လောက် ကျန်သေးလဲ ဆရာ? "
ဒေါက်တာ ဂွ ခဏစဉ်းစားတယ်.. အဲဒီနောက် လက်က နာရီကိုကြည့်တယ်.. တခါ ပြန်စဉ်းစားပြန်တယ်.. အဲဒီနောက် ပြောတယ်...
"ခင်ဗျားအတွက် အသက်ရှင်ဖို့ လက်ကျန်အချိန်က 'တစ်ဆယ်'...." "..'တစ်ဆယ်'? .. ဘယ်လို တစ်ဆယ်လဲဆရာ.. ဆယ်နှစ်လား.? ဆယ်လလား? ဆယ်ပတ်လား? !!!"
"ကိုး..........
ရှစ်..........
ခုနှစ်.........!!"
Credit : ကြယ်မင်းတာရာ
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

